Android box

Android box

သင့်အိမ်မှာ internet တပ်ပြီးပြီ ဆိုရင်တော့ ဖျော်ဖြေရေး ပညာရေး နဲ့ အထွေထွေ ဗဟုသုတတွေ အလွယ်တကူ ရယူနိုင်ဖို့ ဘက်စုံသုံး android tv box တစ်လုံးလိုအပ်နေပါပြီ

Android TV box နဲ့ ဘာတွေလုပ်နိုင်မလဲ ❓❓❓

🔹 အိမ်မှာရှိတဲ့ ရိုးရိုး TV ကို smart TV တစ်လုံးအဖြစ်ပြောင်းလဲနိုင်မယ်
🔹 youtube, netflix စတဲ့ video streaming service များကို TV မှာအလွယ်တကူကြည့်နိုင်မယ်
🔹 spotify နဲ့ tidal လို app တွေသုံးပြီး အရည်အသွေးမြင့် သီချင်းတွေ နားထောင်နိုင်မယ်
🔹 နိုင်ငံတကာ tv channel တွေ၊ အားကစားလိုင်းတွေ ကို iptv service တွေသုံးပြီး တိုက်ရိုက်ကြည့်ရှုနိုင်မယ်
🔹 နောက်ဆုံးထွက် ရုပ်ရှင်တွေ ၊ TV show တွေ ကို android box မှာပါလာတဲ့ KODI player ရဲ ့နာမည်ကြီး addon တွေအသုံးပြုပြီး အရည်အသွေးကောင်းကောင်း streaming လုပ်ပြီး (အခမဲ့) ကြည့်ရှုနိုင်မယ်။
🔹Google playstore က မိမိ စိတ်ကြိုက် app တွေ game တွေကို အလွယ်တကူ install လုပ်ပြီး စိတ်တိုင်းကျ အသုံးပြုနိုင်မယ်
🔹Android / Iphone တွေရဲ ့ ဖုန်း screen ကို mirroring လုပ်ပြီး ဖုန်းထဲမှာရှိတဲ့ ဓါတ်ပုံတွေ ၊ ရုပ်ရှင်တွေ နဲ့ တခြား content တွေကို TV ပေါ်မှာမြင်ကွင်းကြီးကြီး ကြည့်လို့ရမယ်
🔹Browser တွေ နဲ့ အင်တာနက်အသုံးပြုလို့ရမယ်
🔹Facebook လို social media တွေ နဲ့ android application အားလုံးနီးပါးကို android phone တစ်လုံးလို သုံးနိုင်မယ်
🔹memory stick တွေ ၊ external HDD တွေ အသုံးပြုပြီး 4K, HD နဲ့ 3D ရုပ်ရှင်တွေကို ကြည့်နိုင်မယ်
🔹wireless/bluetooth device တွေ ၊ mouse ၊ keyboard နဲ့ game pad တွေကို ချိတ်ဆက် အသုံးပြုနိုင်လို့ computer အသေးစား တစ်လုံးလိုအသုံးဝင်မှာပါ။

Bonanza Gadgets Store မှာ Tanix ရဲ ့ အရည်အသွေးမြင့် Android TV box model နှစ်မျိုးဖြစ်တဲ့ TX6 နဲ့ TX3 Max တို့ကို ဝယ်ယူနိုင်ပါတယ်။

Leave a Reply