Why we need e-readers

Why we need e-readers

✨✨Broaden your horizons!✨✨

📚သိချင်တဲ့ အချက်အလက်တွေ ရနိုင်ဖို့ အရမ်းကိုလွယ်တဲ့ ဒီခေတ်ကြီးထဲမှာ အကြောင်းအရာစုံ ဘာသာရပ်စုံ နိုင်ငံတကာစာအုပ်တွေ၊ မြန်မာစာရေးဆရာတွေရဲ့ စာအုပ်တွေအများစုဟာလည်း e-book တွေ အဖြစ်နဲ့ online မှာအလွယ်တကူရနေပါပြီ။
📚သင့်ရဲ့ စာဖတ်ရှိန်ကိုမြှင့်တင်ဖို့ စာကြည့်တိုက်တွေ၊ print media စာအုပ်တွေ လိုအပ်သလို digital media ဖြစ်တဲ့ electronic book တွေဟာလည်း စာရွက်တွေရိုက်ပြီးထုတ်ဝေစရာမလိုတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရာရောက်တာ ၊ ထောင်သောင်းချီတဲ့ စာအုပ်တွေကို device သေးသေးလေးတစ်ခုထဲမှာထည့်ထားပြီး နေရာမရွေး ဖတ်လို့ရတာ ၊ ဖတ်ချင်တဲ့ စာလုံးအကြီးအသေး၊ စာလုံးပုံစံ ရွေးချယ်ခွင့်ရှိတာ စသည်ဖြင့် အားသာချက်အမျိုးမျိုးနဲ့ရှိနေပါတယ်။
📚e-book တွေကို tablet တွေ ဖုန်းတွေနဲ့ computer တွေပေါ်မှာဖတ်နိုင်ပေမယ့် အဲဒီလိုအလင်းထွက်နေတဲ့ backlit screen တွေသုံးပြီး စာဖတ်တာဟာ မီးလုံးတွေကို စိုက်ကြည့်နေရသလိုဖြစ်လို့ အချိန်ကြာလာတာနဲ့အမျှ သင့်မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။
📚e-ink နည်းပညာသုံး e-reader တွေမှာတော့ တကယ့်စာအုပ်တွေကို ဖတ်ရသလိုဖြစ်အောင် အလင်းရောင်ပြန်တဲ ့နောက်ခံအလင်းပါတဲ့ မျက်နှာပြင်တွေကို မသုံးပဲ စာရွက်တွေပေါ်မှာပုံနှိပ်ထားတဲ့မှင်မျိုးနဲ့ အနီးစပ်ဆုံးတူအောင်ဖန်တီးထားတဲ့အတွက် e-reader တွေသုံးပြီးစာဖတ်ရင် သမားရိုးကျပုံစံ စာအုပ်ဖတ်နေရသလို ခံစားရမှာပါ။
ဒါ့အပြင် e-ink screen တွေဟာ စွမ်းအင်သုံးစွဲမှုလည်းအရမ်းနည်းတာကြောင့် သာမန်ဖုန်းတွေ tablet တွေထက် battery အသုံးပြုချိန် သိသိသာသာ ပိုကြာရှည်ခံပါတယ်။
📚စာအုပ်ချစ်တဲ့ စာဖတ်သူတိုင်းအတွက် e-ink display အသုံးပြုထားတဲ့ reader တွေအများအပြားပေါ်ထွက်နေပြီဖြစ်ပါတယ်။ အမျိုးမျိုးသော manufacturer တွေရဲ့ e-book reader တွေဟာအားသာချက်တမျိုးစီနဲ့ စာဖတ်ဝါသနာရှင်တွေရဲ့ နေ့စဉ်ဘဝထဲမှာ ခိုင်ခိုင်မာမာ နေရာယူနေပါပြီ။

📖📖📖 နည်းပညာအကူအညီ …စာအုပ်တွေရဲ့ အကူအညီ နဲ့ ကျွန်တော်တို့ကိုကန့်သတ်ထားတဲ့ ဘောင်တွေ နယ်နိမိတ်တွေကို ချိုးဖျက်ပြီး စိတ်ကူးစိတ်သန်းတွေ အိပ်မက်တွေ တကယ်ဖြစ်လာအောင် အသက်သွင်းကြပါစို့နော်။

Leave a Reply